
- Android OS ကို Desktop PC or Laptop ပေါ်မှာ Install လုပ်လို့ရပါသလားလို့မေးကြလို့ အခု ကျနော်အနေဖြင့် Ubuntu မှာ VirtualBox နဲ့ Install လုပ်ပုံကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီပို့ရဲ့အဓိကရည်ရွယ်ချက်ကတော့ Ubuntu မှာ VirtualBox ကိုသုံးတတ်စေရန်နှင့် VirtualBox ပေါ်မှာ Multi-OS တွေကိုဘယ်လို Run တယ်ဆိုတာကိုတင်ပြလိုခြင်းဖြစ်ပါတယ်။
- ကျနော်တို့၏ Memory Card ဒါမှမဟုတ် Flash Drive များပေါ်မှာလဲ Android OS ကို Install လုပ်ပြီးသုံးနိုင်ပါတယ်။
- ကျနော်က Ubuntu OS နဲ့တင်ပြပေးသွားမှာဖြစ်လို့ စမ်းသပ်ကြည့်မယ်ဆိုရင် မိမိတို့ရဲ့စက်ပေါ်မှာ VirtualBox တော့ရှိရမှာဖြစ်ပါတယ်။
- Android OS ကို ဒီလင့် မှာသာဒေါင်းလိုက်ပါ။
- အားလုံးအဆင်သင့်ဖြစ်သွားရင်တော့ ကျနော်အနေဖြင့် Installation
အပိုင်းတွေကိုပုံများဖြင့်တင်ပြပေးသွားမှာဖြစ်ပါတယ်။ (တကယ်လို့ Memory Card
or USB Flash Drive ဖြင့် Live Run မယ်ဆိုရင်တော့ UNetbootin (Universal Netboot Installer)
ကိုသုံးရပါလိမ့်မယ်။ ၄င်းကအောက်ပါပုံမှာပြထားသလို OS တွေပေါ်မှာ
အလုပ်လုပ်ဆောင်နိုင်ပါတယ်။ မိမိအဆင်ပြေရာကိုသာ ဒေါင်းပြီး သုံးလိုက်ပါ။)
- ကျနော်ကတော့ Ubuntu ပေါ်မှာ VirtualBox နဲ့နမူနာတင်ပြပေးသွားပါမယ်။ ပထမဆုံး VirtualBox ကို ဖွင့်ပြီး အောက်ပါပုံအတိုင်း New ကိုနှိပ်လိုက်ပါ။

- Next ကိုနှိပ်လိုက်ပါ။ အောက်ပါအတိုင်းရွေးချယ်ပေးလိုက်ပါ။

- ဒီနောက် Base Memory Size ကိုရွေးချယ်မှာဖြစ်ပါတယ်။အဆင်ပြေသလိုရွေးချယ်လိုက်ပါ။ ကျနော်ကတော့ 512 MB ထားပေးပါတယ်။

- Virtual Hard Disk ကိုရွေးချယ်မှာဖြစ်ပါတယ်။ Default ပဲထားပြီး Next သာနှိပ်လိုက်ပါ။

- Welcome to virtual Creaint wizard ဆိုတဲ့ Box ပေါ်လာပါမယ်။ Default ပဲထားပြီး Next သာနှိပ်လိုက်ပါ။

- Virtual disk storage details ဆိုတဲ့ Box ပေါ်လာပါမယ်။ Default ပဲထားပြီး Next သာနှိပ်လိုက်ပါ။

- Virtual Disk file location and size ဆိုတဲ့ Box ပေါ်လာပါမယ်။ Location မှာ Android OS ကိုနမူနာထည့်ပေးထားပြီး Size မှာ ကျနော်အနေဖြင့် 2.00 GB ကိုရွေးထားပါတယ်။ (ကျနော်စက်ရဲ့အခြေအနေပါ..မိမိစက်နှင့်ကိုက်ညီအောင်သာထားပေးလိုက်ပါ။)

- Summary ဆိုတဲ့ Box ပေါ်လာပါမယ်။ Create ကိုသာနှိပ်ပေးလိုက်ပါ။

- ဒါဆိုရင်ကျနော်တို့အနေဖြင့် VirtualBox ပေါ်မှာ Android OS အတွက် Vitual Disk တည်ဆောက်တဲ့အပိုင်းပြီးစီးသွားပါပြီ။ အောက်ပါပုံအတိုင်းတွေ့ရပါလိမ့်မယ်။

- အထက်ပါပုံမှာ BackTrak 5 ပါကျနော်စမ်းထားလို့ပါ။ အခုကျနော်တို့က Android OS ကိုစတင်ပြီး Installation လုပ်ဆောင်တော့မှာဖြစ်သည့်အတွက် Android OS ကို Select ပေးပြီး Menu Bar ပေါ်က “Start” ကိုနှိပ်လိုက်ပါ။ အောက်ပါပုံအတိုင်း Welcome to the First Run Wizard! ဆိုတဲ့ Box ပေါ်လာပါလိမ့်မယ်။ Next ကိုသာနှိပ်ပေးလိုက်ပါ။

- Select Installation Media ဆိုတဲ့ Box ပေါ်လာပါမယ်။ Media Source နေရာမှာ မိမိ ဒေါင်းထားတဲ့ Android ISO file ရှိရာနေရာကိုရွေးချယ်လိုက်ပါ။ ထို့နောက် Next ကိုနှိပ်လိုက်ပါ။

- ထို့နောက်အောက်ပါပုံအတိုင်း Summary ဆိုတဲ့ Box ပေါ်လာပါမယ်။ Start ကိုသာနှိပ်လိုက်ပါ။

- ဒီနောက်အောက်ပါပုံအတိုင်းပေါ်လာပါမယ်။

- ထို့နောက်ချက်ချင်းဆိုသလိုပါပဲ အောက်ပါအတိုင်းတွေ့မြင်ရမည်ဖြစ်ပါတယ်။ အောက်ပါပုံအတိုင်း Live CD – Run Android-x86 without installation ကိုရွေးချယ်ပြီး Enter ပေါ့ဗျာ။

- Android Desktop မြင်ကွင်းကိုစတင်တွေ့ရှိရပြီဖြစ်ပါတယ်။အောက်ပါပုံကိုကြည့်လိုက်ပါ။

- ကဲဗျာ..ကျနော်တို့ရဲ့ Ubuntu ပေါ်မှာ Android OS ကိုစမ်းသပ်ပြီး Installation လုပ်ဆောင်သည့်အပိုင်းဟာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။

- အခုကျနော်တင်ပြခဲ့သောနည်းစနစ်ကို အခြေခံပြီး Android OS ကို မိမိတို့ရဲ့ Desktop PC များ၊ Laptop သို့မဟုတ် Live အနေဖြင့် Memory Card များနှင့် USB Flash Drive ပေါ်မှာ Run မယ်ဆိုရင်လဲအဆင်ပြေသွားပါပြီဗျာ… PDF file ကိုတော့ အောက်ပါလင့်တွေမှာဒေါင်းနိုင်ပါတယ်။ နည်းပညာဗဟုသုတိုးပွားကြပါစေ…..
from :ubuntu myanmar
0 မှတ်ချက်:
Post a Comment