WELCOME FROM အမရI T
  • Home
  • Apk
  • Software
  • နည်းပညာများ
  • ဂျာနယ်များ(up to date)
  • Pc game
  • Ubuntu tutorial
  • Movies

Monday, March 25, 2013

Windows ပေါ်က Driver တွေကို Backup လုပ်နည်း


ကျွန်တော်တို့တွေ windows format ချလိုက်တဲ့အချိန် သို့မဟုတ် windows os အသစ်တင်လိုက်တဲ့အချိန်တွေမှာ Windows ထဲမှာ ပါဝင်တဲ့ Driver တွေရော Windows ပေါ်မှာ တင်ထားတဲ့ software တွေရော အားလုံးဟာ ပျက်စီးသွားကြပါတယ်။ ဒီလိုဖြစ်သွားမယ်ဆိုရင် OS အသစ်တင်တိုင်း Driver တွေ၊ Software တွေအားလုံးကို ပြန်ပြန်ပြီး Install ပြုလုပ်ကြရပါတယ်။
ဒီလိုမျိုးပြန်ပြီးသွင်းရတော့မယ်ဆိုရင် ကွန်ပျူတာအတွက် လိုအပ်တဲ့ Drive တွေကို ရောင်းချတဲ့ ကုမ္ပဏီရဲ့ Website တွေမှာ၊ အခြား Website တွေမှာ တက်ပြီး မှာရပါတယ်။ ရှာတွေ့ပြန်ရင်လည်း ကိုယ်လိုချင်တဲ့ Driver ဟုတ်မဟုတ် မသိနိုင်သလို အချို့ Driver တွေဟာပိုပြီး ရှာဖွေရ ခက်ခဲတတ်ပါတယ်။ ဒီလိုမျိုးအတွက် အကောင်းဆုံးနည်းလမ်းကတော့ Windows ပေါ်မှာ တင်ထားတဲ့ Driver တွေအားလုံးကို ပထမဦးဆုံး Hard Drive သို့မဟုတ် DVD အခွေထဲကို ကြိုတင်သိမ်းထားရပါတယ်။ ဒါဆိုရင် Windows အသစ်တစ်ခု ပြန်တန်ချိန်မျိုးမှာ မိမိကွန်ပျူတာအတွက် Driver တွေကို ပြန်ရှာစရာမလိုတော့ပဲ အလွယ်တကူတင်နိုင်မှာပဲဖြစ်ပါတယ်။ အထူးသဖြင့် လက်တော့ပ်တွေမှာဆိုရင် Driver ပြန်တင်ရတဲ့ အခက်အခဲပိုပြီး စုံပါတယ်။ လက်တော့ပ်ရဲ့ အမျိုးအစား၊ မော်ဒယ်အလိုက် Driver တွေလည်း ကွာခြားသွားပါတယ်။
ထို့အတွက် Windows Driver အတွက် Backup လုပ်နိုင်ဖို့အတွက် Driver Max ဆိုတဲ့ Software လေကို အရင်ရယူထားရပါမယ်။ Drivers Max ကိုတော့ www.drivermax.com မှာ ရယူနိုင်ပါတယ်။

အဆင့် (၁)

ပထမဦးဆုံးအနေနဲ့ အပေါ်မှာထားတဲ့ လင့်ကနေပြီး Driver Max ကို ဒေါင်းလုပ်ရယူပြီး ကွန်ပျူတာပေါ်မှာ Install ပြုလုပ်ရပါမယ်။ Drivers တင်နေချိန်မှာ တစ်ကြိမ်မှာ အောက်မှာ ဖော်ပြထားတဲ့ Message box တစ်ခု မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆင့် (၂)

အပေါ်က Massgae Box မြင်ရင် OK ကို ကလစ်နှိပ်ကာ ကွန်ပျူတာအတွင်းက Driver တွေကို Software အတွင်းကို Install လုပ်ပါလိမ့်မယ်။ ဒီအဆင့်ကိုရောက်ရင်တော့ အချိန်အနည်းငယ်ကြာပါလိမ့်မယ်။

အဆင့် (၃)

Driver တွေကို Install ပြုလုပ်ပြီး အချိန်မှာတော့ Driver တွေကို Backup လုပ်ဖို့အတွက် Backup Driver ဆိုသော လင့်တစ်ခု ပေါ်လာပါလိမ့်မယ်။ ကလစ်နှိပ်လိုက်ပါ။

အဆင့် (၄)

Backup Driver ကို ကလစ်နှိပ်ပြီး သွားရင် နောက်တစ်ဆင့် Next ကို နှိပ်ပြီး ဆက်သွားပါ။

အဆင့် (၅)

အဆင့် ၄ ကို ကျော်ပြီးချိန်မှာတော့ ယခုအဆင့်မှာ ကွန်ပျူတာ အတွင်းမှာရှိတဲ့ Application တွေကို List အနေနဲပ မြင်တွေ့ရမှာဖြစ်ပါတယ်။

အဆင့် (၆)

Driver တွေအားလုံးကို မြင်တွေ့ရပြီဆိုရင် Driver တွေရဲ့ Detail တွေကိုလည်း Details Button ကို နှိပ်ကာကြည့်နိုင်ပါတယ်။

အဆင့် (၇)

ဒီအဆင့်ကတော့ Driver တွေ အားလုံးကို Backup မလုပ်ခင် Driver တွေအားလုံးပါမပါ။ Hidden ဖြစ်နေမနေဆိုတာတွေကို သေချာအောင်စစ်ဆေးရပါမယ်။ Driver တွေအားလုံးကို "Type" အနေနဲ့ စီပြီး ကြည့်နိုင်ပါတယ်။

အဆင့် (၈)

Driver တွေအားလုံးစုံပြီဆိုရင်တော့ Backup လုပ်ဖို့အတွက် Location ကို ညွှန်ပေးရပါမယ်။ DVD Drive အနေနဲ့ သိမ်းမလား၊ Hard Drive ပေါ်မှာပဲ သိမ်းမလား ရွေးချယ်ရပါမယ်။ သိမ်းတဲ့အခါမှာလဲ Windows OS တင်ထားတဲ့ Partation ပေါ်မှာ မသိမ်းပဲ၊ အခြားမတင်ထားတဲ့ သီးသန့်နေရာမှာ သိမ်းရပါမယ်။

အဆင့် (၉)

Backup လုပ်ဖို့နေရာတွေ ရွေးချယ်ပြီးသွားပြီဆိုရင် Next ကို နှိပ်ကာ Driver တွေကို စတင် Backup လုပ်နိုင်ပါပြီ။

အဆင့် (၁၀)

Driver တွေအားလုံးကို Backup လုပ်ပြီးသွားပြီဆိုရင်တော့ အဆင့် ၈ မှာ မိမိရွေးချယ်ထားတဲ့ Backup လုပ်ထားတဲ့နေရာမှာ Driver တွေအားလုံးကို ပြန်လည်ကြည့်ရှုနိုင်ပါပြီ။

အဆင့် (၁၁)

Driver တွေအားလုံးကို Backup လုပ်ပြီးသွားပြီဆိုရင် Windows OS ပေါ်မှာ ပြန်ပြီး Restore ပြုလုပ်ပုံကိုပါ။ ဖော်ပြပေးလိုက်ပါတယ်။ Driver Max ကို ဖွင့်ကာ Restore Driver From Backup ဆိုတာကို ရွေးချယ်ကာ ပြန်လည် Install ပြုလုပ်ရပါမယ်။ တစ်မိနစ် နှစ်မိနစ်အတွင်းမှာ Backup ပိုင်းကနေ ကွန်ပျူတာအတွင်းကို ပြန်လည် Install ပြုလုပ်ပါလိမ့်မယ်။ ထို့နောက် ကွန်ပျူတာကို Restart ချလိုက်ပါ။


ref:teach space journal

0 မှတ်ချက်:

:a   :b   :c   :d   :e   :f   :g   :h   :i   :j   :k   :l   :m   :n   :o   :p   :q   :r   :s   :t Add smileys to Blogger +

Post a Comment

WELCOME FROM အမရI T