၁) ပထမဆုံးအနေနဲ့ သင့်ကွန်ပျူတာသည် Compiz ကို Support လုပ်မလုပ်အရင်စစ်ပါ။ Support လုပ်မလုပ်စစ်ရန်အတွက် Terminal တွင် အောက်တွင်ဖော်ပြထားသော Command ကိုရိုက်ပါ။
/usr/lib/nux/unity_support_test -p
အောက်ပါပုံစံအတိုင်း ရလဒ်တွေထွက်လာပြီး အားလုံးဟာ “Yes” ဖြစ်နေမယ်ဆိုရင် သင့်ကွန်ပျူတာက Compiz ကို Support လုပ်ပါတယ်။
Not software rendered: yes၂) အောက်ပါ Comand ကို Terminal မှာရိုက်ပြီး CCSM (CompizConfig Settings Manager) ကို Install လုပ်ပါ။ပြီးလျှင် Run ပါ။
Not blacklisted: yes
GLX fbconfig: yes
GLX texture from pixmap: yes
GL npot or rect textures: yes
GL vertex program: yes
GL fragment program: yes
GL vertex buffer object: yes
GL framebuffer object: yes
GL version is 1.4+: yes
Unity 3D supported: yes
sudo apt-get install compizconfig-settings-manager၃) CCSM ကို Run လိုက်ပြီးတော့ Gereral Options -> Desktop Size ကိုသွားပါ။ပြီးလျှင် Horizontal Virtual Size ကို 4 နှင့် ကျန်တဲ့ဟာတွေကို 1 ဆိုပြီး ပြောင်းလိုက်ပါ။
၎) အခုတစ်ခါ Desktop Cube and Rotate Cube ကိုအမှန်ခြစ်ခြစ်ပါ။ သင့်ရဲ့ ကွန်ပျူတာ Desktop ဟာ လှုပ်ရှားမရဖြစ်မယ်၊ window border တွေပျောက်နေမယ်၊ window ကို resize လုပ်လို့မရတော့ဘူး ဆိုပြီးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။
နောက်တစ်ခါ boot ပြန်တက်ပြီး CCSM ကို Terminal (Ctrl+Alt+T) ကနေ Run ပြီး Window Decoration, Move Window, and Resize Window ဆိုတဲ့နေရာတွေမှာ အမှန်ခြစ်ခြစ်ပေးလိုက်ပါ။
( အမှန်ခြစ်ခိုင်းလို့တစ်မျိုးတော့မထင်နဲ့ )
၅) အဲဒါမှ မရသေးဘူးဆိုရင် အောက်က Comand တွေကို Terminal မှာ ရိုက်ပြီး အရင်တုန်းကပေးထားခဲ့တယ့် Setting တွေကိုဖျက်လိုက်ပါ။ပြီးရင် ထုံးစံအတိုင်း Restart ပေါ့ဗျာ။
rm -rf .gconf/apps/compiz*
rm -rf .cache/compizconfig-1/
rm -rf .config/compiz-1/
rm -rf .compiz*
credit : ubuntu myanmar
0 မှတ်ချက်:
Post a Comment