- ဒီပို့စ်မှာတော့ QEMU processor emulator ကိုသုံး၍ Ubuntu မှာ Android-x86 4.0 (based on ICS) ကို Install လုပ်ဆောင်ပုံကို တင်ပြပေးသွားမှာပါ။
- ဒီလင့်မှာ Android Version အားလုံးကို ရယူနိုင်ပါတယ်။ ဒီပိုမှာတော့ ASUS laptop များအတွက် Android-x86 4.0 Version ကို Install လုပ်ဆောင်ပုံကိုတင်ပြပေးပါမယ်။
- Virtualbox မှာ Install လုပ်ဆောင်ပုံကိုတော့ ဒီပို့စ်မှာ တင်ပြပေးပြီးဖြစ်ပါတယ်။
- Installation အပိုင်းကတော့ android-x86 folder အနေနဲ့ Home Directory အောက်မှာရှိပါမယ်။ မိမိနှစ်သက်ရာ Folder Name ကိုရွေးချယ်ပေးနိုင်ပါတယ်။
Getting Started
- အောက်ပါ Command ကိုသုံး၍ Home Directory ဆီသို့ Android-x86 4.0 iso file ကို Download လုပ်ဆောင်ပေးလိုက်ပါ။
mkdir ~/android-x86/ && cd ~/android-x86/
wget -O android-x86-4.0.iso http://goo.gl/zDvR6
- ထို့နောက် အောက်ပါ Command ဖြင့် QEMU ကို Install လုပ်ဆောင်လိုက်ပါ။
sudo apt-get install qemu-kvm
- ဒါဆိုရင်တော့ ကျနော်တို့အနေဖြင့် Let’s now create a virtual machine called android-4.0.img လို့ခေါ်တဲ့ Virtual Machine တစ်မျိုးကို Create လုပ်ဆောင်ပေးပါမယ်။ Virtual Machine အတွက် Size ကတော့ 1GB ရှိပါမယ်။ မိမိ System မှာ ရှိတဲ့ Free Space အလိုက် အဆင်ပြေသလို သတ်မှတ်ပေးနိုင်ပါတယ်။
- အောက်ပါ Command ဖြင့် ၄င်းကို ဖန်တီးပေးလိုက်ပါ။qemu-img create ~/android-x86/android-4.0.img 1G
- Installation စတင်ရန် အောက်ပါ Command ကိုသုံးလိုက်ပါ။
cd ~/android-x86/
kvm -m 512 -cdrom android-x86-4.0.iso -hda android-4.0.img -boot d
- NOTE: -m 512 parameter သည် Virtual Machine အတွက် Memory Size ကိုသတ်မှတ်ပေးထားတာပါ။ မိမိအဆင်ပြေရာသတ်မှတ်ပေးနိုင်ပါတယ်။
- ပထမဆုံး မြင်ကွင်းမှာ ပုံမှာ ပြထားသည့်အတိုင်း Installation – Install Android-x86 to harddisk ကိုရွေးချယ်ပြီး Enter ပါ။
- Create/Modify partitions ကိုရွေးချယ်ပြီး OK သို့မဟုတ် Enter ပါ။
- “cfdisk” screen မှာတော့ New ကိုရွေးချယ်ပြီး Enter ပါ။
- “Primary” option ကိုရွေးချယ်ပြီးသားတွေ့ရပါမယ်။ Enter ပါ။
- Disk Size ကို ၀င်ရောက်ရန် Promp တက်လာပါလိမ့်မယ်။ Enter ကိုသာ နှိပ်လိုက်ပါ။
- Bootable option ကိုရွေးချယ်ပြီး Enter ပါ။
- Disk ကနေပြီး ပုံမှာပြထားသည့်အတိုင်း “Flags” label အောက်မှာ bootable အဖြစ်သတ်မှတ်ပေးရပါမယ်။ ထို့နောက် Write ကိုရွေးချယ်ပေးလိုက်ပါ။
- Comfirm ဖြစ်စေရန် yes ကိုရိုက်လိုက်ပါ။ ထို့နောက်
လက်ရှိလုပ်ဆောင်နေသော Operation သည် ပြီးဆုံးသွားပြီး လက်ရှိ Screen ကနေ
Quit ဖြစ်သွားပါမယ်။
- အောက်ပါပုံအတိုင်း Disk သည် partition selection screen မှာ Creation
ဖြစ်ပြီးကြောင်းပြပါလိမ့်မယ်။ ၄င်းကိုရွေးချယ်ပြီး Enter ကိုနှိပ်လိုက်ပါ။
- “ext3” filesystem ကိုရွေးချယ်ပေးပြီး Enter ပါ။ Comfirm မှာလဲ Yes ကိုရွေးချယ်ပေးလိုက်ပါ။
- အကယ်၍ ဒီနေရာမှာအောက်ပါကဲ့သို့ Error တက်လာသည်ရှိသော်
cannot mount /dev/sdaX
- “ntfs” file system ကိုရွေးချယ်ပေးပြီး Operation
ကိုပြန်လည်စတင်နိုင်ပါတယ်။ အောက်ပါပုံမှာပြထားသကဲ့သို့ GRUB boot loader
ကို Install လုပ်ဆောင်ရန် Prompt တက်လာပါက Yes ကိုရွေးချယ်ပေးလိုက်ပါ။
- အောက်ပါပုံမှာပြထားသကဲ့သို့ ပေါ်လာပါက No ကိုရွေးချယ်ပေးလိုက်ပါ။
- Installation ပြီးဆုံးသွားရင်တော့ အောက်ပါပုံအတိုင်းတွေ့မြင်ရပါမယ်။
- “Reboot” ကိုရွေးချယ်ပေးလိုက်ပါ။ အချိန်ကြာပြီးတောက် Android-x86 4.0 တက်လာသည်ကိုတွေ့ရမည်ဖြစ်ပါတယ်။
- နောက်ပိုင်းမှာတော့ အောက်ပါ Command ကို Terminal မှာသုံးပြီး Android OS ကို Run နိုင်ပြီဖြစ်ပါတယ်။
kvm -m 512 -hda ~/android-x86/android-4.0.img
- Note: Tested under Ubuntu 11.10 (Oneiric Ocelot) and Ubuntu 12.04 (Precise Pangolin).
အဆင်ပြေပါစေဗျာ
0 မှတ်ချက်:
Post a Comment