ဒီ Command ရဲ့ Basic Function ကတော့ “Change Directory” ပါပဲ။ ဥပမာအားဖြင့်: Terminal မှာ
လို့ ရိုက်လိုက်ရင် မိမိ System ၏ Home Directory ကိုရောက်ပါလိမ့်မယ်။ (သို့)မိမိရဲ့ နာမည်ကို spider လို့ယူဆလိုက်ပြီးအောက်ပါအတိုင်းရိုက်လိုက်ပါ။cd
(0r)
cd ~
cd /home/spider
- Directory တွေပြောင်းလဲပုံကိုသိရှိခြင်းသည် Linux directory system ကို Navigation လုပ်နိုင်ခြင်းရဲ့ အရေးပါဆုံးအချက်ဖြစ်ပါတယ်။ Navigation လုပ်နိုင်ခြင်းရဲ့ အရေးပါဆုံးအကြောင်းတွေထဲမှ တစ်ခုကတော့ မိမိလက်ရှိအလုပ်လုပ်ဆောင်နေသော Directory ပေါ်မှာ Base လုပ်ထားသော Command အားလုံးကို Execute လုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ဥပမာ “ls” Command နဲ့ /etc directory ၏ Content တွေကို list လုပ်ချင်တယ်ဆိုရင်၊ မိမိလက်ရှိအလုပ်လုပ်နေသော “directory” သည် /home/spider ဖြစ်နေခဲ့ရင် အောက်ပါ Command ကိုသုံးရပါလိမ့်မယ်။
ls /etc
- ဒါပေမယ့် လက်ရှိ “Directory” သည် /etc ဖြစ်နေပါက အသုံးပြုရမည့် Command က :
ls
- ဖန်တီးခဲ့သော Directory တစ်ခုစီမှာ Hidden ဖြစ်နေသော Entry နှစ်ခုရှိပါတယ်။ အဲဒါတွေကတော့ “.” နှင့် “..” တို့ဖြစ်ပါတယ်။ “.” က Directory ကိုပဲ ရည်ညွှန်းပြီး၊ “..” ကတော့ “parent directory” သို့မဟုတ် လက်ရှိ Directory ၏ အထက်က Directory ကိုရည်ညွှန်းပါတယ်။
- အကယ်၍ Directory Tree ကို ” MoveUp” လုပ်ချင်တယ်ဆိုရင် ဒီ Command ကိုသုံးရပါမယ်။
cd ..
- ဥပမာ…. အခုကျနော်တို့ဟာ “/usr/share directory” မှာရှိနေခဲ့ရင် ဒီ Command ကိုသုံးရပါမယ် (cd ရဲ့နောက်မှာ space တစ်ချက်ခံပြီးရိုက်ရမှာပါ)။
cd ..
- ဒါဆိုရင် ကျနော်တို့ /usr ကိုရောက်သွားပြီဖြစ်ပါတယ်။
- ဒီ Command ကတော့ လက်ရှိ Directory ကိုရည်ညွှန်းပါတယ်။
cd .
- ထို့ကြောင့်ကျနော်တို့ဟာ /usr directory မှာရှိနေခဲ့ရင် အမှန်တကယ်လဲ တူညီသောအလားတူ Directory (same directory) ထဲမှာရှိနေတာပါ။
- ရှေ့က Directory (previous directory) ကိုပြန်သွားချင်တယ်ဆိုရင်အောက်ပါ Command ကိုသုံးပါ။
cd -
“*” (သို့) “wildcards” နဲ့ cd ကိုအသုံးပြုခြင်း- ဥပမာဒီ Command ကိုသုံးပြီးတော့ /etc/dhcp ကိုသွားချင်တယ်ဆိုပါစို့။ ဒါပေမယ့် /etc directory မှာက Default အနေနဲ့ /etc/dbus-1 ကြီးကရှိတယ်ဗျာ။
cd /etc/d*
- letter “d” စတဲ့ ပထမဆုံး Directory ထဲရောက်သွားပါလေရောဗျာ.. ။ ကိုယ်ရှာချင်တဲ့နေရာ မဟုတ်ဘူးဖြစ်နေတယ်ဗျာ။
- ဒါကြောင့် “*” (သို့) “wildcards” သုံးရတာ အလွယ်တကူပဲမှားတတ်ကြလို့ သေသေချာချာတော့ဂရုစိုက်ရလိမ့်မယ်ဗျာ။
- ကျနော်တို့အနေဖြင့် /usr directory မှာရှိနေပြီး၊ share directory ကိုပြောင်းချင်တယ်ဆိုရင် “tab option” ကိုသုံးနိုင်ပါတယ်။
- ဒါပေမယ့်လဲ Command ဟာ အလုပ်မှာမဟုတ်ဘူးဗျ။ ဘာလို့ လဲဆိုရင် “s” နဲ့စတဲ့ Directory ကလဲ (၃)ခုရှိနေပြန်တယ်ဗျာ။ (sbin, share, src)
cd s[tab]
- ဒါကြောင့် ဒီလိုပြောင်းသုံးလိုက်မယ်ဗျာ။ အလုပ်လုပ်ဆောင်ကြောင်းတွေ့ရပြီပေါ့ဗျာ။
cd sh[tab]
- တကယ်တော့ဗျာ ဒီ “cd Command” မိတ်ဆက်က Bash Shell မှာအသုံးပြုထားသော “Auto Completion Feature” ပါ။
credit -ubuntu myanmar
0 မှတ်ချက်:
Post a Comment