ကျွန်တော်တို့ Windows တင်တဲ့အခါမှာ Hard disk formatting နဲ့
ပက်သက်လို့ တစ်ချို့ Windows တွေမှာ FAT File System မပါရှိတော့ပါဘူး NTFS File System ဘဲ ပါပါတော့တယ်။နောက်ပြီး no Changes လဲ ပါမလာတာတွေ ရှိပါတယ်။ ဒီတော့ Quick Format နှင့် Regular Format ကို နားလည်ဖို့ဘဲ လိုပါတယ်။
Quick Format
ကျွန်တော်တို့ Quick Format နဲ့ တင်တဲ့ အခါမှာ Windows တင်တဲ့ အပိုင်းက Disk ထဲက
File တွေကို ဖယ်ရှား (Remove) ပေးပါတယ်။ ဒါပေမဲ့ Drive ရဲ့ bad Sectors တွေကို Scans မလုပ်ပေးပါဘူး။ တစ်နည်းပြောရင်တော့ Bad Sectors ရှိရဲ့သားနဲ့bad Sectors ကို Scan မလုပ်ဘဲ badsector ကိုကျော်ပြီး ကောင်းတဲ့နေရာမှာဘဲ တင်သွားတာပါ။ ဒါကြောင့် Quick Format က Windows တင်တာ မြန်ပေမဲ့ bad Sectors တွေကို Scan မလုပ်တာ ဖြစ်တဲ့အတွက်ကြောင့် မိမိ Drive မှာ Bad Sectors ရှိရဲ့သားနဲ့ မစစ်ဆေးဘဲ Quick Format နဲ့ဘဲ တင်နေမယ်ဆိုရင် Hard Disk က ရေရှည်ခံနိုင်ရည် ရှိမရှိ စဉ်းစားသင့်ပါတယ်။ Disk Error ရှောင်ရှား နိုင်သလား ကိုယ်တိုင် စဉ်းစားကြည့်ပါ။
Regular Format
Regular Format လို့တော့ မပြပါဘူး။ Quick လို့ မပြတဲ့ အပိုင်းက Regular လို့ ခေါ်ပါတယ်။Regular Format ကတော့ Files Permanently ကို ဖျက်ပေးရုံတင်မက bad Sectors တွေကိုပါ Scan လုပ်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် Quick Format ထပ်စားရင် Drive မှာ Disk Error တွေကို ရှောင်းရှားနိုင်ပါတယ်။ဒါကြောင့် Regular နဲ့ Quick ဘယ်သူ ပိုကောင်းသလဲ ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ကျပါတော့။
ဒာချိန်လေးနဲနဲပေးရတာပေါ့နော်
from arkar phyo
0 မှတ်ချက်:
Post a Comment