- ကျနော်တို့ Custom Live CD ပြုလုပ်ရန် “Remastersys” ဆိုတဲ့ Application ကိုသုံးသွားမှာဖြစ်လို့ ဒီပို့မှာ “Remastersys” နှင့်ပတ်သက်ပြီး Installation နှင့် Usage တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ “Remastersys” ဆိုတာကတော့ Bootable Live CD ပြုလုပ်ရန် မိမိရဲ့ “Linux distribution, including root, home, other partitions, and all personal, custom configuration “ တွေကို Backup လုပ်ပေးနိုင်သော (သို့) Clone လုပ်ပေးနိုင်သော Application ပဲဖြစ်ပါတယ်။ “Remastersys” သည် Linux Mint and Klikit Linux တို့လို Ubuntu နှင့် ၄င်း၏ derivatives များအပါအ၀င် Distribution များစွာအတွက် လုပ်ဆောင်ပေးနိုင်ပါတယ်။
- လုပ်ဆောင်စွမ်းရည်တူညီသော အခြား Distribution တွေမှာတော့ PCLinuxOS (remasterme), Fedora (Revisor), and several versions of Mandriva live CDs (MCNLive editions) တို့ပါဝင်ပါတယ်။ ဒီပို့မှာတော့ Ubuntu ပဲအဓိထားတင်ပြပေးသွားမှာဖြစ်ပါတယ်။
- “Remastersys” သည် အသုံးပြုမှာ လွယ်ကူပါတယ်။ ၄င်းကို သုံးမယ်ဆိုရင် Command Line ကိုသုံးတာတွေ၊ အခြားသော Advanced Knowledge တွေမလိုအပ်ပါဘူး။ GUI ကိုသုံးပြီး Bootable CD ကိုဖန်တီးပေးစွမ်းရှိပါတယ်။ ဒါကြောင့် “Remastersys” ကို ကိုသုံးမယ်ဆိုရင် Install လုပ်ပုံကိုအောက်မှာလေ့လာနိုင်ပါတယ်။
Install Remastersys
- Remastersys ကို ဒီလင့်မှာ ဒေါင်းလိုက်ပါ။ ထို့နောက် Double Click ဖြင့်လွယ်ကူစွာ Install လုပ်ဆောင်နိုင်ပါပြီ။ အောက်ပါပုံကတော့ Remastersys ၏ Feature တွေပဲဖြစ်ပါတယ်။ ဒီ Feature တွေရဲ့ လုပ်ဆောင်ချက်တွေကိုလဲပေးထားပါတယ်။ လေ့လာကြည့်ပါ။
- ကျနော်အနေဖြင့် ဒီပို့မှာ Backup ဆိုတဲ့ Feature ကို ဘယ်လိုအသုံးပြုပြီး Custom Live CD ဖန်တီးမလဲဆိုတာကို အဓိကထားပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါအပြင်ဒီပို့မှာ တင်ပြပေးရမှာများတဲ့အတွက်ကြောင့် တစ်ချို့သောအပိုင်းတွေကို မိမိဘာသာစမ်းသပ်ကြည့်စေလိုပါတယ်။ ဒါကြောင့်အောက်ပါအတိုင်းပဲဆက်သွားကြည့်ရအောင်…..
- Backup your distribution
- အောက်ပါ ပုံသည် Remastersys ၏ မည်သည့် Feature ကိုလုပ်ဆောင်သည်ဖြစ်စေ မိမိဆန္ဒရှိမယ်ဆိုရင် မဖြစ်မနေပြင်ဆင်သင့်သော အပိုင်းဖြစ်ပါတယ်။ ပုံမှာတော့ ကျနော်နမူနာအနေဖြင့် ပြပေးထားပါတယ်။
- အထက်ပါပုံမှာပြထားသလို Setting ကိုပြင်ဆင်သတ်မှတ်ပြီးပြီဆိုရင် Actions Tab ကိုပြန်သွားပြီး Backup ကိုနှိပ်လိုက်ပါက Popup Windows တစ်ခုတက်လာပါမယ်။ Ok ကိုသာနှိပ်ပေးလိုက်ပါ။ အောက်ပါပုံအတိုင်းတွေ့မြင်ရမည်ဖြစ်ပါတယ်။
- အောက်ပါပုံအတိုင်းပါပဲစောင့်ပေးလိုက်ပါ။
- အောက်ပါပုံအတိုင်းပါပဲစောင့်ပေးလိုက်ပါ။
- အောက်ပါပုံအတိုင်းပါပဲစောင့်ပေးလိုက်ပါ။
- အောက်ပါပုံကတော့ မိမိတို့ရဲ့ Backup လုပ်ငန်းစဉ်ပြီးဆုံးသွားရင်တွေ့မြင်ရမည့်ပုံဖြစ်ပါတယ်။ OK ကိုသာနှိပ်လိုက်ပါ။
- အားလုံးပြီးဆုံးသွားရင် အောက်ပါပုံအတိုင်း Home > Remastersys > Remastersys ဆိုပြီးအဆင့်ဆင့်သွားလိုက်ပါ။
- မိမိတို့ဖန်တီးလိုက်သော Backup File တွေကိုအောက်ပါပုံအတိုင်းတွေ့မြင်ရမည်ဖြစ်ပါတယ်။ ထိုအထဲမှ ubuntumyanmarguide အမည်နဲ့ ဖန်တီးလိုက်သော ISO ကိုတွေ့ရမည်ဖြစ်ပါတယ်။ ထို ISO သည်ကျနော်တို့ System ကို Backup လုပ်လိုက်သော အဓိက File ပဲဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်သည် အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်။
- ပြန်လည်စမ်းသပ်ကြည့်ခြင်း
- အထက်ပါအတိုင်းကျနော်တို့ဖန်တီးခဲ့သော Backup ISO (သို့) Custom ISO ကို အောင်မြင်မှုရှိမရှိ ပြန်လည်စမ်းသပ်ချင်တယ်ဆိုရင် အောက်ပါ အတိုင်း Virtualbox မှာစမ်းသပ်ကြည့်လိုက်ပါ။
- Virtualbox မှာ အောက်ပါအတိုင်းတွေ့မြင်ရပြီဆိုရင်တော့ Custom Live CD အဖြစ်အောင်မြင်စွာဖန်တီးလိုက်နိုင်ပြီးဖြစ်ပါတယ်။ Boot Menu Splash Screen ကိုတော့ ကျနော်မပြောင်းလဲပဲဖန်တီးခဲ့သောကြောင့် အနက်ရောင်ဖြင့်မြင်ရခြင်းဖြစ်ပါတယ်။
- VirtualBox မှ ပထမဆုံးမြင်ကွင်းဖြစ်ပါတယ်။
- ဒါကတော့ ကျနော်ဖန်တီးလိုက်သော Custom ISO ၏ Desktop မြင်ကွင်းပဲဖြစ်ပါတယ်။
- ဒါဆိုရင် Remastersys ကိုဘယ်လိုသုံးရမယ်ဆိုတာနှင့် သူ့ရဲ့အသုံးဝင်ပုံတွေကိုသိရှိလောက်ပြီဖြစ်ပါတယ်။ အထက်ပါအတိုင်း ဖန်တီးလိုက်သော Custom ISO ကို အခြားသော ကွန်ပျူတာများပေါ်တွင် အလွယ်တကူ Application စုံလင်စွာဖြင့် Install လုပ်နိုင်ပြီဖြစ်ပါတယ်။ Remastersys ရဲ့ ကျန်တဲ့ Function တွေကိုလဲ မိမိဘာသာစမ်းသပ်ကြည့်ပါလို့တိုက်တွန်းအပ်ပါတယ်ခင်ဗျား…အဆင်ပြေပါစေ…
credit-ubuntumyanmar
1 မှတ်ချက်:
Your article is amazingly smart. I love to (look at web sites on) your diary's posts every day and that I got huge help from your (shared online writing page) and developed a replacement app download candy crush hack you'll check.Thanks for the wonderful diary.
Post a Comment