ဤ Tutorial သည် Linux ကိုအခုမှစတင်လေ့လာတဲ့ Beginner User များအတွက် လွယ်လင့်တကူမြန်မာလိုလေ့လာနိုင်စေရန် ဒီလင့်မှ သင်ခန်းစာများကို အဆင်ပြေသလိုဘာသာပြန်ထားပါသည်။
- ဤ Bash Script Tutorial ၏ရည်ရွယ်ချက်ကတော့ Bash Script နှင့်ပတ်သက်ပြီး အရင်က လုံးဝမသိခဲ့ဘူးသူတွေအတွက်ပါ။ သင့်အနေဖြင့် မကြာမှီမှာပဲ နားလည်ရလွယ်ကူသော ဤ bash scripting guide ကိုမျက်ဝါးထင်ထင်တွေ့မြင်ရတော့မှာဖြစ်၍ bash scripting လေ့လာရတာအလွန်လွယ်ကူသော အလုပ်ဖြစ်ကြောင်းသိလာရမှာပါ။ ဒီသင်ခန်းစာတွေမှာ သင်လိုချင်သော မေးခွန်းအတွက် အဖြေများကို မတွေ့နိုင်သည်ရှိသော် Linux Forum မှာ လွတ်လပ်စွာ မေးမြန်းနိုင်ကြောင်းပါ။
- “Hello World” ဆိုတဲ့ ရိုရှင်းလွယ်ကူသော Script လေးနဲ့ Bash Scripting Tutorial ကိုစတင်လိုက်ပြီဗျာ။ ပထမဆုံး Unix Shell Programming လို့ ခေါ်တဲ့ Bash Shell သင်ခန်းစာပေါ့ဗျာ။
- ပထမဆုံး မိမိတို့ရဲ့ Bash Interpreter က ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ရှာဖွေရန် လိုအပ်ပါတယ်။ ဒါကြောင့် အောက်ပါ Command ကို သုံးလိုက်ပါ။
$ which bash
- မိမိနှစ်သက်ရာ Text Editor ကိုဖွင့်ပြီး “hello_world.sh” ဆိုတဲ့ File ကို ဖန်တီးလိုက်ပါ။ ထို File ထဲသို့ အောက်ပါ စာသားများကို ထည့်လိုက်ပါ။
- ဒီသင်ခန်းစာမှာ Bash Shell တွေကို shebang:”#!” စတင်မှာဖြစ်ပါတယ်။ Comment တစ်ခုအနေဖြင့် မဖတ်စေလိုပါ။ ပထမစာသားက /bin/bash လို့ခေါ်သော မိမိရဲ့ Interpreter ရှိရာ နေရာကို ပြပေးတာပါ။
- အောက်ကတော့ ကျနော်တို့ရဲ့ Bash Shell Script ၏ ဥပမာဖြစ်ပါတယ်။
#!/bin/bash # declare STRING variable STRING="Hello World" #print variable on a screen echo $STRING
- စာသားတွေကို Text Editor မှာထည့်ပြီးရင်တော့ Home Folder အောက်မှာ hello_world.sh ဆိုတဲ့အမည်ဖြင့် Save ပြီး “executable” လုပ်ပေးရန် အောက်ပါ Command ကိုအသုံးပြုလိုက်ပါ။
$ chmod +x hello_world.sh
- အခုဆိုရင် မိမိတို့အနေဖြင့် ပထမဆုံးသော Bash Script ကို “executable” လုပ်ရန်အသင့်ဖြစ်ပါပြီ။ အောက်ပါ Command ကို သုံးလိုက်ပါ။
./hello_world.sh
ubuntu myanmar မှပြန်လည်မျှဝေလိုက်ပါတယ်
0 မှတ်ချက်:
Post a Comment